Pages

Wednesday, November 20, 2013

Google Play Store မှာ ''This item is not your country'' ဆိုတာကြီးကို မြင်ဖူးကြမှာပါ



Google Play Store မှာ ''This item is not your country'' ဆိုတာကြီးကို မြင်ဖူးကြမှာပါ။ Free ပေးရဲ့သားနဲ့ကို ကိုယ့်နိုင်ငံအတွက် မဟုတ်ဘူးဆိုတော့ သေရော။ ဒါကြီးက ကိုယ့်နိုင်ငံအတွက်မဟုတ်ဘူးဆိုတော့ သူများနိုင်ငံကနေ လှမ်းဝင်ရင်ရမှာပေါ့။ ဒီပြသနာကိုဖြေရှင်းဖို့ ဖုန်းကနေ နိုင်ငံကျော်ခွဖို့အတွက်ဆိုရင် အများကြီးပါ။ ''တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်''ဆိုသလို နည်းလမ်းတွေအသီးသီး ရှိကြပါတယ်။ှSetting ထဲမှာ Apn ချိန်းတာတွေရော၊ market unlocker တွေသုံးပြီးဖွင့်တာတွေရော၊ App တစ်ခုခုနဲ့ Vpn ချိန်းပြီး ကျော်တာတွေရော၊ Proxy ခွတာတွေရော စုံလို့ စုံလို့။ ဒီအထဲကမှ အရမ်းလွယ်တဲ့ နည်းလေးပြောပြပါ့မယ်။ လူပြိန်းနည်းလေးပေါ့။ ဘာပဲဖြစ်ဖြစ်ဖွင့်ရဖို့ကအဓိကပေါ့နော်။ ရဖို့ကတော့ ၁၀၀ % နော်။ ဒီနည်းလမ်းကို သုံးဖို့ဆိုရင် ကိုယ့်ရဲ့ Play Store က ဖွင့်လို့၊ သုံးလို့ရပြီးသားဖြစ်ရပါမယ်နော်။ Vpn ချိန်းတဲ့နည်းကို သုံးမှာပါ။ လိုအပ်တာလေးကတော့- Vpn_Unlimited ဆိုတဲ့ app tools လေးတစ်ခုတည်းပါ။ Download-https://db.tt/6gknIRSU ဒေါင်းပြီးပြီဆို Installလုပ်ပေါ့နော်။ ပြီးရင်ဖွင့်ပေးပေါ့။ app ရဲ့ui အပေါ်ဘက်ထောင့်မှာ starting ဆိုပြီး Vpn တစ်ခုနဲ့ auto ချိတ်ဆက်နေပါမယ်။ ခဏစောင့်။ noti မှာ icon ပုံလေးပေါ်လာပြီဆိုရင် ချိတ်လို့ရသွားပါပြီ။ setting ထဲမှာ playstore ကို force stop နဲ့ data clear လုပ်ပေးလိုက်ပါ။ အားလုံးပြီးသွားရင် playstore ကို ပြန်ဖွင့်ပေးလိုက်ပါ။ access တောင်းရင် access လုပ်ပေးလိုက်ပါ။ playstore မှာ ပုံမှာပြထားတဲ့အတိုင်းလေးပြပြီဆို အဆင်ပြေပါပြီ။ fifa14 တို့ asphalt 8 တို့ top eleven တို့ကို playstore မှာ ဖရီးကစ်နိုင်ပါပြီ။ ပိုက်ပိုက်ပေးရတာတွေတော့ မ၀ယ်နဲ့ပေါ့။

No comments:

Post a Comment